Internet 1MB 0.06 ကျပ်နဲ့ သုံးကြရအောင် (MPT/Ooredoo/Telenor)

Internet 1MB 0.06 ကျပ်နဲ့ သုံးကြရအောင် (MPT/Ooredoo/Telenor)

ဒီနည်းလေးကို ရုရှားက ပညာရှင် အဖွဲ့ ကတွေ့ခဲ့တာပါ
ကမ္ဘာပေါ်က Operator တိုင်းအတွက် အလုပ်ဖြစ်တယ်..။အခုထိလဲ ဆက်လက်အလုပ်ဖြစ်နေပြီး လာမယ့် IPv6 နည်းပညာတွေစသုံးတော့မှသာလျှင်မရတော့မှာဖြစ်ကြောင်း Developer team ကအာမခံထားပါတယ်..။
ဒီ app ကဘာလုပ်ပေးလဲ.ဆိုတော့ ကျွန်တော်တို့ပုံမှန်သုံးနေတဲ့ အင်တာနက် လမ်းကြောင်းကို ချုံ့လိုက်တာပါ
ချုံ့လိုက်တော့ Operator မှာ ကျွန်တော်တို့ သုံးတဲ့ဒေတာကို စစ်တဲ့ NAT Firewall ဆိုတာရှိတယ် သူကနေဖြတ်သမျှဒေတာတွေကို အယောက်ချင်းဆီတိုင်းအတွက်
မဂါဘိုက်နဲ့ တွက်ပြီး ပိုက်ဆံဖြတ်ပါတယ်....အဲ့လိုဖြတ်တော့ဒေတာဖြတ်ရင်ဖြတ်သလောက် ဘေကုန်တာပေါ့ဗျာ..ဒီ app ကအဲ့ဒေတာတွေကို ချုံ့ပစ်လိုက်တယ် ....ချုံ့လိုက်တော့ ဘာဖြစ်သွားလဲ ဒေတာဆိုဒ်တေသေးကုန်တာပေါ့ဗျာ ...ရိုးရိုးလေးပါပဲ
လုံးလုံးဘေမကုန်တာတော့မဟုတ်ဘူး..နဲနဲတော့
ကုန်တယ် သူကချုံ့ယုံချုံ့ပေးတာပါ..ချုံ့တဲ့နှုန်းကတော့ကြောက်ခမန်းလိလိပါပဲ ...၈၆.၂ ဆတောင် ချုံ့ပစ်လိုက်တယ်..သဘောက ၈၆.၂ ရာနှုံးဘေကုန်သက်သာမယ်ပေါ့ဗျာ.(သုံးတဲ့သူအရမ်းများနေတဲ့အချိန်ဆို ၆၀ ရာနှုန်းကျော်ပဲ ချုံ့နိုင်တာတွေ့ရပါတယ်).။၁၀၀ မဂါဘိုက်ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလော့ချတာဖြစ်ဖြစ်..၁၀၀ မဂါဘိုက်ဒေတာကို သုံးတာဖြစ်ဖြစ် (fb,viber,youtube,etc...) တကယ်ဘေအဖြတ်ခံရရင် ၁၃.၈ မဂါဘိုက်စာပဲဖြတ်တယ်
ဘာလို့ဆို NAT firewall ကတွက်တော့ User က ၁၃.၈ မဂါဘိုက်ပဲ သုံးတယ်လို့ အဖြေထွက်နေတာလေ..။ဟုတ်ပါတယ် တကယ်လဲ ၁၃.၈ မဂါဘိုက်ပဲသုံးတာပါ..။ဒါဆိုဘယ်လို့လုပ်လိုက်လဲ ????
တကယ်အံ့သြစရာကခုမှလာတာ... ကျွန်တော်တို့က operator (MPT,Ooredoo,Telenor) အဲ့ဒီက ဆာဗာတွေကိုမသုံးတော့ပဲ Amazon (လုံခြုံရေးမှာကမ္ဘာ့အဆင့်ဘယ်လောက်လဲ သိချင် Googling ပါ..နာမည်ကျော် Google နဲ့ Level တန်းတွေပါ :-D )ရဲ့ ဆာဗာကိုသုံးလိုက်တယ်..ကြားခံကတော့ Operator ရဲ့ ဆာဗာပေါ့..။ကျွန်တော့တို့က data တစ်ခုကို request လုပ်မယ်ဗျာ..ဥပမာ Google play store က တစ်ခုခုဒေါင်းမယ်ဆိုပါစို့...။
ပုံမှန်ဆို ဖုန်း Operator ရဲ့ဆာဗာ ကိုကျွန်တော်ဒါလေးဒေါင်းချင်ပါတယ်လို့ပြောရတာ(ကျွန်တော်တို့မပြောပေမယ့် ဖုန်းကတော့ပြောတယ်ဗျ) ..အခုက (အမေကျော်ဒွေးတော်လွမ်းတာဗျ :-D )...ဖုန်း operator ကိုကျော်ပြီး Amazon ဆာဗာကိုလှမ်းပြောလိုက်တယ်..Amazon ဆာဗာက ဘာလုပ်ပေးလဲ ??? ဟုတ်ပြီ User မင်းဒီ data တွေ ကိုလိုချင်တာလား ခဏစောင့် ငါချုံ့လိုက်ဦးမယ်ဆိုပြီး(ကျွန်တော်ရေးတာတောင်ကြာသေး ခဏစောင့်ဆိုတာ ဘယ်လောက်ကြီးတဲ့ ဒေတာဆိုဒ်မဆို စက္ကန့် ပိုင်းရယ်ပါ Super Computer လေသူက ငိငိ ကမ္ဘာမှာ ၆ လုံးပဲရှိတာ) သူကအရင် down ပြီး ၈၆.၂ ရာနှုန်းချုံ့လိုက်တယ်..။ပြီးတော့ ကျွန်တော်တို့ဆီပြန်လွှဲပေးတယ်.. ကျွန်တော်တို့ဆီရောက်တော့
ကျွန်တော်တို့ Install ထားတဲ့ app က ပြန်ဖြည်ထုတ်တယ်...၁၃.၈ မဂါဘိုက်ရှိတဲ့ file က ၁၀၀ မဂါဘိုက်ပြန်ဖြစ်သွားတယ်..ဒီ process တစ်ခုလုံးကို ကြားထဲက ဘယ်သူမှဝင်ပြီးဟန့်တားလို့မရတာအဓိကအားသာချက်ပဲ...။Amazon ကချုံ့လိုက်တဲ့ ဒေတာက ကျွန်တောတို့စက်ထဲမှာ ထည့်ထားတဲ့ app ကလွဲရင် ဘယ်သူမှ ပြန်ဖြည်လို့မရတာပဲ (သူ့ service ကိုသုံးနေတဲ့ တခြားသူတွေတောင်ဖြည်မရပါ..)။ကျွန်တော်သိရသလောက်  SSL version 3 နည်းပညာနဲ့ ချုံ့ထားတာပါ..(ဘာလဲသိချင် google ကိုအားကိုးကြပါကုန်)။end to end လေ..။Operator ရဲ့ NAT firewall ကသူ့ဆီ အမျိုးအမည်မသိ ဒေတာ ၁၃.၈ မဂါဘိုက်ဖြတ်သွားပါတယ်လို့ပဲသိလိုက်တယ်
အဲ့ဒီ ၁၃.၈ မဂါဘိုက်က ဘာမှန်းမသိပေမယ့် ၁၃.၈ မဂါဖိုးတော့ဖြတ်လိုက်တယ်..(စီးပွားရေးသမားတွေပဲလေ အာ့လောက်တော့ရှိမှာပေါ့ :-P )  ကဲစိတ်ဝင်စားလား...။Step by Step လာမယ်

ပထမ ဒါကို ဒေါင်း

http://pc.cd/83nctalK

ဖိုင်ဆိုဒ်ပိစိလေး 332.23 Kb ပဲရှိတယ်..

ပြီးရင် ဖွင့် ပုံကိုကြည့်ပါ

server နေရာမှာ 52.25.186.170 အာ့ကိုထည့်(တစ်လုံးမှလွဲ၍မရ)
port နေရာမှာ 4444 အဲ့တစ်ခုသာရပါတယ်..
ပြီးရင် start service ကိုနှိပ် ဒါဆိုပြီးပြီ

ပုံ(၁)

မလွယ်လွန်းဘူးလား(ဟုတ်ကဲ့လွယ်ပါတယ်)
ဒါမယ့်မပြီသေးဘူးဗျ
ဆာဗာက Confirm လုပ်ပေးရဦးမယ် ဒါကတော့ကြာတယ်
ဘေတော့ရှိပါစေဦး(ပြောပီးသား ဒီ app ကဘေ 0 မှာသုံးမရဘူး :-P )
ဘာလို့ ဆို တစ်ကမ္ဘာလုံးဝိုင်းသုံးနေကြတယ်လေ super computer ပေမယ့် ကမ္ဘာနဲ့ယှဉ်လိုက်တော့ နဲနဲ hang သွားတယ်ထင်ပါတယ်ငိငိ :-P
ညပိုင်းအိပ်ခါနီးကိုလုပ်ပါ....ကျွန်တော့အတွေ့အကြုံအရ တစ်ယောက်နဲ့ တစ်ယောက် Confirm လုပ်ပေးတဲ့အချိန်မတူဘူးဗျ..။ကျွန်တော်ဆို ၃ ရက်စောင့်လိုက်ရတယ် ..။ကျွန်တော့သူငယ်ချင်းကတော့ နာရီပိုင်းလေးနဲ့ရတယ် (သူများသားသမီးတွေ များကံကောင်းချက် :'( )
စောင့်ပါ connection ပြုတ်ပြုတ်သွားရင်ပိုကြာတယ် နေ့ခင်းပိုင်းကသိကြတဲ့အတိုင်း လိုင်းကထန်တယ်လေ :-P  (တန်းစီသလိုပေါ့ဗျာ...ကိုယ်ခဏနားမှတော့ ကိုယ့်နေရာသူများယူသွားသလိုပေါ့)
ဒါကြောင့်အိပ်ခါနီးအချိန်မှာလုပ်ပါပြောတာ..လိုင်းကိုဖွင့်ထား အဲ့ဒီ app လေးကိုပါဖွင့်ထား ပြီးတော့အိပ်....မနက်ဆိုရနေရော ရရင် confirm ဆိုပြီး email ဒါမှမဟုတ် sms နဲ့ အကြောင်းကြားပေးတယ်..။ :-D (မိုက်တယ်နော်အလကားသုံးရပေမယ့် Developer ကြီးစောင့်ရှောက်တာကတော့)
ဖုန်းနံပါတ် (+95 ပါထည့်ပေးပါ)နဲ့  email ကို အောက်link မှာ register လုပ်...

http://goo.gl/forms/PM8cdgwYPYIMZIfF3

ရောက်ပြီဆို speed test ကြည့် မယုံနိုင်လောက်အောင်မြန်နေတာလဲတွေ့လိမ့်မယ်(ဘာလို့လဲတော့ ကျွန်တော်လဲမသိဘူး အဲ့ဒါကတော့) ဒီအဆင့်ကမလုပ်လဲရပါတယ်
သုံးနေတဲ့လိပ်စာကလဲ အမေရိကန်ဆိုပြိးပြောင်းပေါ်နေလိမ့်မယ်
ပြီးတော့ Amazon ဆိုပြီးပေါ်နေပါမယ်
ပုံမှာကြည့်ပါ

ပုံ (၂)

ပုံ(၃)

ဒါတွေအကုန်ပြီးပြီဆိုရင်တော့ဖြင့်  1MB ကို ၀.၀၆ ကျပ်နှုံးနဲ့စတင်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျား ..။
နောက်ဆုံးတစ်ခုက ဒီနည်းဟာ Hacking မဟုတ်ပါဘူး။ တရားဝင်နည်းလမ်းဖြစ်ပါတယ်..ပြည်တွင်းပြည်ပ ဘယ်ဥပဒေနဲ့မှငြိစွန်းခြင်းမရှိပါဘူး..။
ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Chrome browser လဲ ဒီနည်းကို သုံးထားပါတယ်..။ဒါပေမယ့် ချုံ့ပေးတဲ့ ရာနှုန်းနဲလွန်းတာပါ..။ဒီနည်းကတော့ ထွက်တာမကြာသေးပါဘူး..။နောက်ပိုင်းဒီနည်းပညာကို Google ပိုင် Chrome က၀ယ်ယူမယ်လို့လဲ သိရပါတယ် ..အခု free သုံးလို့ ရတုန်းသုံးထားပါ..။နောက်မှ ဆားဗစ်ခ ဒေါ်လာဘယ်လောက်ဘာညာဆိုတာတော့ ကျွန်တော်လဲ Developer မဟုတ်လို့ မသိပါ :-P

အထူးသတိပေးချင်တာက မရမချင်းလုပ်ဖို့ပါပဲ ..။Free အဖြစ်ပေးထားပြီး Beta version ဖြစ်လို့ ကမ္ဘာပေါ်ကလူတော်တော်များများဝိုင်းသုံးနေတဲ့အတွက် အချိန်ကြန့်ကြာနိုင်ပါတယ်..။နောက်ပိုင်း ဒေါ်လာသွင်းမှ သုံးရမယ်ဆိုရင်တော့ သူတို့လဲ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမှာဖြစ်လို့ အခပေး အခြေအနေမှာတော့ တည်ငြိမ်နိုင်ပါတယ်..။အခုအချိန်ထိ အကြာဆုံးလို့ report တင်သူဟာ ၈ ရက်လို့ ဆိုပါတယ်..အနိမ့်ဆုံး ၁၀ ရက်ခန့်စောင့်သင့်ပါတယ်...။တစ်နေ့တစ်ခြားများလာတဲ့ user တွေကြောင့်ပါ..လိုလိုပိုပိုပေါ့ ...။အဆင်ပြေကြပါစေ...။

အခက်အခဲ တစ်စုံတရာရှိရင် အောက်မှာ မန့်ခဲ့ပါ..။ :-)
ဒီပို့စ်ကို လွတ်လပ်စွာ share နိုင်ပါတယ်(Credit လေးတော့လိုချင်တာပေါ့ဗျာနော် :-P )
မူရင်း blog က link က သေနေလို့ ပြန်တင်ပေးးပါတယ်ခင်ဗျာ
#Copy
မူရင်း link
http://droideveloper.blogspot.com/2016/05/internet-1mb-006-mptooredootelenor.html?m=1
Credit - နတ်သား

Comments