အီလက်​ထ​ရောနစ်​ အ​ခြေခံပစ္စည်း (အပိုင်း ၁) Resistorအ​ကြောင်း

'Resistor (R)

Resistorဆိုတာ မြန်​မာဘာသာပြန်စာအုပ်တွေထဲမှာတော့ လျှပ်ခံ/ခုခံမှု လို့ဖွင့်ဆိုထားတယ်ဗျ။
ဟုတ်ပြီ မြန်မာလို အဓိပ္ပါယ်​သိပြီဆို​တော့ ​ရှေ့ဆက်​ရ​အောင်​။

Resistor ကိုအတို​ကောက်​ ဘယ်​လို​ခေါ်လဲ? အတို​ကောက်​ဘယ်​လိုသတ်​မှတ်​လဲ?
Resistor ကို အတို​ကောက်​ [အုမ်း Ω] လို့​ခေါ်တယ်​ဗျ၊
R လို့အတို​ကောက်​သတ်​မှတ်​ထားတယ်​ဗျ၊

Resistor မှာအ​ပေါင်းအနှုတ်​ရှိလားဗျ?
Resistorမှာ အ​ပေါင်းအနှုတ်​မရှိပါဘူးဗျာ။

Resistorကဘာ​တွေလုပ်​​ဆောင်​​ပေးလဲ? ဘယ်​လိုအလုပ်​လုပ်​လဲ?
ဟုတ်​ကဲ့ Resistor က ခုခံမှုအုမ်းတန်​ဖိုးအလိုက်​ အနိမ့်​အမြင့်​အ​ပေါ်မူတည်​ပြီး​တော့ ဗို့အား​တွေကို​လျှော့ချ​ပေးတယ်​ဗျ၊ ​နောက်​တစ်​နည်း​ပြောရရင်​ AC or DC ဗို့အားလမ်း​ကြောင်း​ပေါ်မှာ မူလရှိ​နေတဲ့ ဗို့အားကို ​လျှော့သွား​အောင်​ပြုလုပ်​​ပေးတယ်​ဆိုပါ​တော့။

Resistor ဘယ်​နှမျိုးရှိလဲ?
၃မျိုးရှိပါတယ်
၁ Fixed Resistor
၂ Variable Resistor or Adjust Resistor
၃ Tapped Resistor

Fixed Resistor ဆိုတာဘာလဲ ?
Fixed resistor ဆိုတာ တန်​ဖိုး​ပြောင်းလဲ၍မရ​သော resistorဖြစ်​ပါတယ်​၊

Variable Resistor or Adjust Resistor ဆိုတာဘာလဲ?
Variable Resistor or Adjust Resistor ဆိုတာ တန်​ဖိုး​ပြောင်းလဲ၍ရ​သော resistorဖြစ်​ပါတယ်​၊ ဥပမာ အသံအတိုးအကျယ်​ မြှင့်​တဲ့ volume ခလုပ်​​လို​ပေါ့။

Tapped Resistor ဆိုတာဘာလဲ?
Tapped Resistor ဆိုတာ အသုံးနဲတာလား ကျွန်​​တော်​ဘဲမမြင်​ဘူးတာလား သတိမထားမိတာလား မသိဘူး သိပ်​မသိဘူးဖြစ်​​နေတယ်​ သိတဲ့ဆရာများ ​ပြောပြကြပါအုံး

A tapped resistor has three leads.  The two end leads, of course, connect to the maximum resistance of the unit.


A wire is wrapped around the resistive element, somewhere along its length.  That is a "tap", much as one might put a T fitting somewhere along a water pipe, to tap off water for a sink or spigot.  The location of that winding of course determines the resistance to the "tap".


Such a resistor might be used, for example, as a biasing resistor.  The resistor could be placed across a vacuum tube, and the voltage up to the tap would be applied to one of the grids, to give it a bias relative to the voltage at the top, which would be the plate voltage.

ဒါ့အပြင်​ resistor ရဲ့
ယူနစ်​​လေး​တွေသိဖို့လိုအပ်​ပါတယ်​ခင်​ဗျ
Ohm   = Ω
Kilo    = K
Mega = M
Gega  = G တို့ဖြစ်​ပါတယ်​။

ယူနစ်​​လေး​တွေသိပြီဆိုရင်​​တော့ ဆက်​သွယ်​ချက်​​လေး​တွေထပ်​သိထားရပါ့မယ်
1000 Ω = 1K
1000 K = 1M
1000 M =1G တို့ဖြစ်​ပါတယ်​။

Resistor မှာ ပျက်​တက်​ပုံ ၂ မျိုးရှိတယ်​ဗျ
1 Open
2 High ohm
Open နဲ့ပျက်​တာဆိုတာက ၎င်းR ကို မီတာနဲ့တိုင်းရင်​ ဘာမှမလာတာကိုဆိုလိုပါတယ်​ခင်​ဗျ မီတာလက်​တံ လုံးဝမလှုပ်​ဘူး​ပေါ့ဗျာ
Hight ohm နဲ့ပျက်​တာဆိုတာက ၎င်းRကို မီတာနဲ့တိုင်းရင်​ သက်​မှတ်​ထားတဲ့ ohm တန်​ဖိုးထက်​ ပိုပြီးပြ​နေတာကိုဆိုလိုပါတယ်​ခင်​ဗျ

Comments

  1. ​ကျေးဇူးတင်​ပါတယ်​ ဆရာ ..

    ReplyDelete

Post a Comment